ဖား​ဆောင်းမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ​ကျောင်းသား၊​ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး စတင်ထိုးနှံ​ပေး

ဖား​ဆောင်း နိုဝင်ဘာ ၃၀

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ​ကျောင်းသား၊​ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေးခြင်းကို ယ​နေ့ နံနက်(၈)နာရီက ​မြောက်ပိုင်းရပ်ကွက်ရှိ အ​ခြေခံပညာအထက်တန်း​ကျောင်း ၌ စတင်ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။

ထိုသို့ကာကွယ်​ဆေး ထိုးနှံ​ပေးရာတွင် ကျန်းမာ​ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှု​ရေး အသင်းအဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ​မြို့နယ်ကြက်​ခြေနီ အသင်းခွဲ တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ ပူး​​ပေါင်း၍ ​အ​ခြေခံပညာ အထက်တန်း​ကျောင်း ​ဆေးထိုးစုရပ်၌ (အထက)ဖား​ဆောင်းမှ ​ကျောင်းသား၊ ​ကျောင်းသူများကို စတင်ထိုးနှံ​ပေးခဲ့ရာ အလယ်တန်းဆင့် (၅၂)ဦး၊ အထက်တန်းဆင့် (၂၀)ဦး၊ စုစု​ပေါင်း(၇၂)ဦးတို့ကို ကျန်းမာ​ရေးစစ်​ဆေးပြီး ကိုဗစ်​ရောဂါ ကာကွယ်​ရေးနည်းလမ်းများနှင့် စနစ်တကျ ထိုးနှံ​ပေးခဲ့​ကြောင်းနှင့် ကာကွယ်​ဆေးထိုးနှံရန် ကျန်ရှိသည့် ​ကျောင်းသား၊​ ကျောင်းသူများအား ဒီဇင်ဘာလ(၇)ရက်​နေ့တွင် ဆက်လက်ထိုးနှံ​ပေးသွားမည်ဖြစ်​ကြောင်း  သိရသည်။

“ကာကွယ်​ဆေးဖြင့်  လွမ်းခြုံအပ်​သော အနာဂတ်ပန်းခင်းလမ်းများဆီသို့”​ ဆောင်ပုဒ်နှင့် အညီ အသက် ၁၂ နှစ်အထက် ​ကျောင်းသား၊​ ကျောင်းသူ ၇၂ ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေး ထိုးနှံ​ပေးရန် ရည်မှန်းထားပြီး ကာကွယ်​ဆေး ထိုးနှံ​ပေး​နေမှုအား မြို့နယ်စီမံ အုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအား​ပေးခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)