သတင်းများ

ကော့ကရိတ်မြို့နယ်တွင်ကိုဗစ်-၁၉ ​​ရောဂါကာကွယ်ထိန်းချုပ်နိုင်​ရေးအသိပညာ​ပေးခြင်း​ဆောင်ရွက်
Nov 30,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီဌာနဝန်ထမ်းများမှ ယနေ့နံနက် ၁၀နာရီက မြို့​ပေါ်ရပ်ကွက်များသို့ အသိပညာပေး နှိုးဆော်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် အသက်(၁၂)နှစ်အထက် ကျန်ရှိသည့် ကျောင်းသား ၊ ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး
Nov 30,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ပညာသင်ကြားလျက်ရှိသော အသက်(၁၂)အထက် ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား  စုရပ်အသီးသီး၌ ကိုဗစ်-၁၉ရောဂါ ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း တံတားဦးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည် ။
ကော့ကရိတ်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Nov 30,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြက်ခြေနီ တပ်ဖွဲ့ဝင်များအနေဖြင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက်   ရယ်ရွယ်၍  မြန်မာ နိုင်ငံကြက်ခြေနီအသင်းဗဟိုမှ ကြီးမှူးကျင်းပသည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ် (၆)ရပ်ကွက်၊ မြို့နယ် ကြက်ခြေနီအသင်းခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဓနုဖြူမြို့နယ်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀)နာရီက ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
မိုင်းယုမြို့၌ ကျေးရွာအုပ်စုများသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) စတုထ္ထ အသုတ်  ပထမအကြိမ် ကွင်းဆင်းထိုးနှံ
Nov 30,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့အတွင်းရှိ   အသက် (၁၈) နှစ်အထက် ပြည်သူများကို နိုဝင်ဘာ ၃၀ ရက်နေ့၊ နံနက်ပိုင်းက   ကျေးရွာအုပ်စုရွာများသို့  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)စတုထ္ထအသုတ် ပထမအကြိမ် ကွင်းဆင်း ထိုးနှံပေးခဲ့ကြသည်။
ဟင်္သာတမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Nov 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှု လျော့နည်းစေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဟင်္သာတမြို့၊ တာကလေးရပ်ကွက် ဦးအောင်မြတ်ကျော် ဘုရားဝန်းပြည်လုံးချမ်းသာ ခန်းမနှင့် သတ်မှတ်စုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။