သတင်းများ

ဝေါမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ 
Nov 28,2021
ဝေါမြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရှေ့ဘက်ကမ်းရပ်ကွက် အခြေခံပညာမူလတန်းလလွန်အောင်ချမ်းသာကျောင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။ 
ဝေါမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ 
Nov 28,2021
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် ပြည်သူ့စာကြည့်တိုက်၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင် ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃) နာရီက ကျင်းပခဲ့သည်။ 
ဘုတလင်မြို့နယ်တွင် ရှင်ကျင့်ဝတ်စာမေးပွဲကျင်းပပြုလုပ်
Nov 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ၊ဘုတလင်မြို့နယ်အတွင်းရှိ သံဃာတော်များအား မြို့နယ်သံဃနာယကအဖွဲ့မှကြီးမှူးကျင်းပသော ရှင်ကျင့်ဝတ်စာမေးပွဲကို နေ့လည်( ၁၂)နာရီအချိန်က အလယ်တန်းကျောင်း(ခုံမင်းကြီး)၌ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
သာယာဝတီမြို့တွင် ၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်မြန်မာစာဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူ ၃ ဦးအား ဂုဏ်ပြုဆုချီးမြှင့်
Nov 28,2021
၂၀၁၉ -၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲတွင် သာယာဝတီမြို့နယ်အတွင်း မြန်မာစာဂုဏ်ထူးရှင် ကျောင်းသား/ကျောင်းသူ ၃ ဦးအား မြန်မာစာဂုဏ်ထူးဆောင် ဆရာကြီးပီမိုးနင်းအားဂုဏ်ပြုလျက် မြို့နယ်စာရေးဆရာအသင်းမှ ကြီးမှူး၍ ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် ၈ နာရီက သာယာဝတီမြို့နယ်၊သုံးဆယ်မြို့ ပီမိုးနင်းစာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 
ညောင်တုန်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ
Nov 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို နိုဝင်ဘာ၂၈ရက်နေ့ နံနက်၉နာရီအချိန်က အမှတ်(၂)၊ အခြေခံပညာအထက်ကျောင်းတွင် ကျင်းပခဲ့သည်။
သုံးခွမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ လျော့နည်း၊ကျဆင်း၊ပ ပျောက်စေရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်‌ဆေးခြင်းနှင့် နှာခေါင်းစည်း Mask များ (အခမဲ့)ဖြန့်ဝေ
Nov 28,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြိုနယ်၌ ဌာနဆိုင်ရာများပူးပေါင်း၍ အမှတ်၁ရပ်ကွက် ရှင်စောပုလမ်း၌ ယမန်နေ့ နံနက်၉နာရီအချိန်က YBS  ယာဉ်လိုင်းမှကားများ၊ အငှားယာဉ်များ၊ အိမ်စီးကားများ၊ ဆိုင်ကယ်များ၊ လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ လျော့နည်း၊ ကျဆင်း၊ ပပျောက်စေရေးအတွက် နှာခေါင်းစည်းMask တပ်ဆင်ခြင်း ရှိ/မရှိစစ်‌ ဆေးခြင်း၊ Mask များ (အခမဲ့) ဖြန့်ဝေ‌ပေးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ လိုက်နာ ဆောင်ရွက်ရန် ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် အညီနေထိုင်ရန် အသိ ပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘားအံခရိုင် Community Centre တွင် စာရေးဆရာလူထုစိန်ဝင်းရေးသားထားသော စဉ်းစားတတ်အောင် ပညာသင်ပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Nov 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန( Community Centre)ခန်းမ တွင် စာရေးဆရာလူထုစိန်ဝင်း ရေးသားထားသော“ စဉ်းစားတတ်အောင် ပညာသင်ပါ ”စာအုပ်ဖြင့် ဒုတိယအကြိမ် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်း က ကျင်းပပြု လုပ်ခဲ့သည်။
မိတ္ထီလာတွင် (၁ဝ၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ
Nov 28,2021
မိတ္ထီလာမြို့တွင် ( ၁ဝ၁ ) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီအချိန်က အထက (၁) ခန်းမတွင်ကျင်းပကြောင်းသိရသည်။