သတင်းများ

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား မူဆယ်နယ်စပ် နန်းတော်ဂိတ်တွင် ဆက်လက်လက်ခံပေးလျက်ရှိ
Nov 30,2021
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို မူဆယ်နယ်စပ် နန်း‌တော်ဂိတ်မှ ပြန်လည်လက်ခံပေးလျက်ရှိရာ ယမန်နေ့  နံနက် ၈ နာရီခွဲက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နန်းတော်ဂိတ်သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၅၀ ဦး၊ အမျိုးသမီး ၁၆၆ ဦး၊ စုစုပေါင်း ၃၁၆ ဦးကို ပြန်လည်လက်ခံခဲ့သည်။
ကျေးသီးမြို့နယ်အတွင်းရှိ နားလင်လိုင်ကျေးရွာနှင့်ကောင်းဟုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများ(တတိယအကြိမ်)ထုတ်ချေး
Nov 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေများ တိုးပွားလာစေ ရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ တတိယအကြိမ် ထုတ်ချေးခြင်းကို နားကန်းကျေးရွာအုပ်စု ၊ နားလင်လိုင်ကျေးရွာနှင့်ကောင်းဟုန်းကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့မဈေး ပြန်လည်ဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Nov 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့မဈေး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စု ပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၀၉၀၀)နာရီမှစတင်၍ ဆောင်ရွက်ခဲ့ကြ ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှသိရသည်။
ဟိုပန်​၌  ကိုဗစ်-၁၉ ရောဂါ​ကာကွယ် ထိန်းချုပ်နိုင်ရန်  နှာခေါင်းစည်း(Mask) များ  တပ်ဆင်ရေး အသိပညာပေး
Nov 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပန်မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါပိုးကူးစက်နှုန်း လျော့နည်းကျဆင်းမှု မြန်ဆန်စေရန်နှင့် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်အတွက် မဖြစ်မနေ နှာခေါင်းစည်း (Mask)တပ်ဆင်ရေးအတွက်အသိပညာ​​​ပေးခြင်းကို ယနေ့နံနက်ပိုင်းကသက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာတွင် ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာဆွေးနွေးပွဲကျင်းပ
Nov 30,2021
 မိတ္ထီလာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက်  ၉ နာရီခွဲက ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
မဘိမ်းမြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြား     
Nov 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့နံနက်ပိုင်းမှစတင်ကာ ကျောင်းများစတင်ဖွင့်လှစ်၍ ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရ သည်။
ဒေးဒရဲမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။    
ပိုင်ကျုံမြို့အမှတ်(၄)ရပ်ကွက် တောင်ပို့လမ်းတွင်  ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌ ရာနှုန်းပြည့် ပြီးစီး
Nov 30,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာ မှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌ နေပြည်သူ များ သွားလာမှုအဆင်‌ ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ်(၁၂.၄၀) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ တောင်ပို့လမ်းတွင် ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်းကို နိုဝင်ဘာလ၁၄ရက်‌နေ့မှ ယ‌‌နေ့အထိ(၁၀၀)ရာခိုင်နှုန်းပြီးစီးပြီး ဖြစ်ပါကြောင်း သိရသည်။