နောင်ချိုမြို့မဈေး ပြန်လည်ဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

နောင်ချို     နိုဝင်ဘာ  ၃၀ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့မဈေး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စု ပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၀၉၀၀)နာရီမှစတင်၍ ဆောင်ရွက်ခဲ့ကြ ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှသိရသည်။

နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြောင့် မြို့မဈေးအပါအဝင် ကျေးလက်ဈေးများကို ၂၃.၆.၂၀၂၁ ရက်နေ့မှစတင်ပိတ်ထားခဲ့ပြီး ၂၅.၁၁.၂၀၂၁ ရက်နေ့မှစတင်ကာ နောင်ချိုမြို့နယ်အပါအဝင် မြို့ပေါင်း ၂၈ မြို့ကို Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ခဲ့ပြီးနောက် ဈေးများပြန်လည် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသည်။

နောင်ချိုမြို့မဈေးအား (၅)လကြာ ပိတ်ထားခဲ့ရမှုအပေါ် လိုအပ်သော သန့်ရှင်းရေးများ ဆောင်ရွက်နိုင် ရန် မြို့နယ်စည်ပင်သာယာရေးဌာနမှဝန်ထမ်းများ ၊မြို့မဈေးကော်မတီအဖွဲ့များ ၊ စေတနာမွန်လူမှု ကူညီရေး အသင်းမှအဖွဲ့များ၊ ဈေးသူ၊ ဈေးသားများမှ စုပေါင်းဝိုင်းဝန်းပြီး သန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြကြောင်း ၊ ဒီဇင်ဘာလဆန်းပိုင်း၌ စည်ပင်သာယာရေးဌာန ကွပ်ကဲမှုအောက်ရှိ ဈေးများအားလုံး ပြန်လည် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

ထွေးငယ်၊(ပြန်/ဆက်)