ပိုင်ကျုံမြို့အမှတ်(၄)ရပ်ကွက် တောင်ပို့လမ်းတွင်  ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌ ရာနှုန်းပြည့် ပြီးစီး

ပိုင်ကျုံ  နိုဝင်ဘာ  ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာ မှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌ နေပြည်သူ များ သွားလာမှုအဆင်‌ ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ်(၁၂.၄၀) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ တောင်ပို့လမ်းတွင် ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်းကို နိုဝင်ဘာလ၁၄ရက်‌နေ့မှ ယ‌‌နေ့အထိ(၁၀၀)ရာခိုင်နှုန်းပြီးစီးပြီး ဖြစ်ပါကြောင်း သိရသည်။

ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် အရှည်(၃၆၀)ပေ၊ အကျယ်(၁၆)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှအနီးကပ်ကြီး ကြပ်ဆောင်ရွက်လျက်ရှိကြာင်း သိရသည်။

အဆိုပါလုပ်ငန်းပြီးစီးမှုကြောင့် မြို့သာယာလှပ‌ပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် သွား‌ရေးလာ‌ရေး အတွက်အဆင်‌ပြေ လွယ်ကူ‌လာ​ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)