(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သွေးလှူဒါန်းပွဲ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေး
Nov 28,2021
ယနေ့တွင်ကျရောက်သည့်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဝိုင်အမ်ဘီ အေအသင်း(မော်လမြိုင်)၏သွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်အထွေထွေရောဂါကု ဆေးရုံကြီး သွေးလှူဘဏ်တွင်ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးမှူး၊ ဆေးရုံအုပ်ကြီး နှင့်ဆေးရုံအုပ်များ၊ ရောဂါဗေဒဆရာဝန်ကြီးနှင့် ဆရာဝန်များ၊ သွေးလှူဘဏ်မှ ကျန်းမာရေးဝန်ထမ်းများ၊ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ဝိုင်အမ်ဘီအေအသင်းမှ အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်အားပေးသည်။