ဟိုပန် နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်နှုန်း လျော့နည်းကျဆင်းမှု မြန်ဆန်စေရန်နှင့် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်အတွက် မဖြစ်မနေ နှာခေါင်းစည်း (Mask)တပ်ဆင်ရေးအတွက်အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းကသက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဟိုပန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးရဲဝင်းထိုက်နှင့် ကော်မတီဝင် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အမျိုး သမီးရေးရာနှင့် မိခင်နှင့်ကလေးအသင်းအဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က မြို့လယ်လမ်းဆုံ အဝိုင်းနှင့် ဈေး ရပ်ကွက်လမ်းများတွင် ဖြတ်သန်းသွားလာနေကြသည့် ပြည်သူများကို ကျန်းမာ ရေးဝန်ကြီးဌာန၏ စည်းကမ်းချက်၊ လမ်းညွှန်ချက်များနှင့်အညီ သွားလာနေထိုင်ကြရန်၊ နေအိမ် ပြင်ပသို့ ထွက်ခွာပါက မဖြစ်မနေ နှာခေါင်းစည်း(Mask )တပ်ဆင်ကြရန် စသည် တို့ကို အသိ ပညာပေး ပြောကြားပြီး နှာခေါင်းစည်း (Mask )များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်