ဒေးဒရဲမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများညှိနှိုင်းအစည်းအဝေးကျင်းပ

ဒေးဒရဲ   နိုဝင်ဘာ  ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။    

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမွန်မြတ်သူစိုးက လုံခြုံရေးကိစ္စရပ်များနှင့် ပတ်သတ်၍ စီမံဆောင်ရွက်ထားမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကိုကိုဦးက ကိုဗစ်- ၁၉ကာလ သတ်မှတ်ချက်များကြောင့် အချိန်ပိုင်းရောင်းချခွင့် ပြုထားသော စျေးဆိုင်များအား ပြန်လည်ရောင်းချခွင့်ပြုထားသော်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်များနှင့်အညီ ရောင်းချနိုင်ရေး ကြတ်မတ်စစ်ဆေးရန်၊ ကိုဗစ်၁၉ကာကွယ်ဆေးများထိုးနှံရန် ကျန်ရှိသူများမရှိရေး စိစစ်ဆောင်ရွက်ရန်နှင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေသော်လည်း ကူးစက်ရောဂါများ ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိရန်လုပ်ငန်းများအား ဆွေးနွေးမှာကြားပြီး တက်ရောက်လာသူများတင်ပြချက်များကို တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

အေဇာလင်း