ပိုင်ကျုံတိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ပဉ္စမအသုတ် (ပထမ)အကြိမ် စတင်ထိုးနှံမည်
Nov 30,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု အမြန်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သံဃာတော်များ၊ အသက်(၁၈) နှစ်အထက် ဒေသခံပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ နေသေးသည့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဈေးရောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒီဇင်ဘာလ(၁)ရက် နေ့တွင် လူဦးရေအယောက်(၇၀၀)အား စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။