ကျွန်းလှမြို့နယ်၌ မိုးစပါး စံကွက်ရိတ်သိမ်းပွဲကျင်းပ

ကျွန်းလှ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျည်းအင်းကျေးရွာ၊ ကွင်းအမှတ် ၄၉၂၊ တောင်သူဒေါ်ရွှေဝ၏ မိုးစပါးတင်း ၁၀၀ ထွက်ရှိရေးစံပြကွက်၊ ဧရာမင်းမျိုးစပါး နှစ်ဧကတွင် ယမန်နေ့ နံနက် ၇နာရီက စံကွက်ရိတ်သိမ်းကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ တောင်သူများပူးပေါင်းပြီး ၆ ဒသမ ၆ ပေ ပတ်လည် စံကွက်ရိတ်သိမ်းကြရာ တစ်ဧက အစိုထွက်တင်း ၁၁၀ ထွက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးသီးနှံ ၃၄၈၉၉ ဧက စိုက်ပျိုးနိုင်ကြောင်း၊ တစ်ဧက တင်း ၁၀၀ ထွက်ရှိရေးစံပြကွက် ဧက ၃၀၊ မိုးစပါးမျိုးစေ့ထုတ်စံပြကွက် ဧက ၁၅၀၊ ပျိုးသက်နုကောက်ကွက်ကြဲ SRI စံပြကွက်များ စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန စာရင်းများအရ သိရသည်။

မျိုးဝင်းညို ကျွန်းလှ