ပေါက်ခေါင်းမြို့နယ်၌ အသက် (၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Nov 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ် နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ၊ ကာကွယ် ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့်အများပြည်သူများအား ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့ လေးမျက်နှာဇာတ်ရုံနှင့်သတ်မှတ်ထားသည့် ဆေးထိုးစုရပ်အသီးသီးတို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက် ရှိသည်။