လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လက်မှုပညာသင်တန်း အခမဲ့ဖွင့်လှစ်

ကန့်ဘလူ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနှင့် အမျိုးသမီးအသင်း (Women Club) တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ လက်မှုပညာ (အခြေခံစက်ချုပ်ပညာ ဘောင်းဘီတို /ရှည်ညှပ်နည်း) သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ အခမဲ့ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် အခြေခံစက်ချုပ်ပညာ ဘောင်းဘီတို /ရှည် ညှပ်နည်းများကို နိုဝင်ဘာ ၂၉ ရက် နှင့် ၃၀ ရက် နှစ်ရက်တာကာလ၌ နည်းပြဆရာမ အမျိုးသမီးအသင်း(Women Club)ဝင် ဒေါ်သန်းသန်းမြင့်က စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား ၁၃ ဦး တက်ရောက် လျက်ရှိကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)