လပွတ္တာ နိုဝင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာခရိုင် ၊ (၃) မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊ အမျိုးသ မီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းကျောင်း (လပွတ္တာ) အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင် တန်းအမှတ်
စဥ်(၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉:၃၀ အချိန် က သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။အခမ်းအနားတွင် ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌဦးဇော်မျိုးညွန့်တက်ရောက်၍ သင်တန်း ဖွင့် အမှာစကားပြောကြားရာ တွင် "နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်ယခုလိုအိမ်တွင်းမှု့သင်တန်းကျောင်း (၄၆)ကျောင်း ဖွင့်လှစ်ပေးပြီးဖြစ်ကြောင်း၊ စက်ချုပ်ဘာသာရပ်အပြင်လက်မှု့ဘာသာရပ်၊ မုန့်လုပ်နည်းဘာသာရပ်များ ပို့ချပေးနေသည့်အပြင် ခေတ်နှင့် လျော်ညီသောမြန်မာ ပွဲတက်ဝတ်စုံများကိုပါ သင်ကြားပေးလျက်ရှိပြီး၊ ယခု့ အချိန်ထိ သင်တန်းဆင်းသူ (၉၀) ဦးရှိပြီဖြစ်ကြောင်း၊ စက်ချုပ်ပညာ၊ လက်မှု့ပညာများဖြင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းအဖြစ် ဆောင်ရွက်နေကြပြီဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနား တက်ရောက်လာသော ဌာနဆိုင်ရာ အကြီးအကဲ များက သင်တန်းသူများ၏ အဝတ်အ ထည် လက်ရာခင်းကျင်းပြသထားမှုကို ကြည့်ရှုပြီးသင် တန်းတွင် သင်တန်းသူ (၄၀) ဦး တက်ရောက် သင်ကြားခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၁၈) ပတ်ကြာ
မြင့်မည်ဖြစ်ကြောင်းနှင့် သင်တန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကျန်းမာရေး စည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။