ဒေးဒရဲမြို့၌ ယာဥ်စည်ကမ်း၊ လမ်းစည်ကမ်း အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိ

ဒေးဒရဲ    နိုဝင်ဘာ  ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ယာဥ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို  လူစည်ကားရာနေရာများနှင့် ယာဥ်သွားများရာ လမ်းမများ၌ တာဝန်ရှိအဖွဲ့များက နေ့စဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပညာ​ပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ယာဥ်ထိန်းတပ်ဖွဲ့ဝင်များက မော်တော်ယာဥ်စီးင်းသူများ အသက်အန္တရာယ် ကင်းဝေးစေရေး ဆိုင်ကယ်စီးဦးထုပ်အား စနစ်တကျဝတ်ဆင်နိုင်ရေး လိုင်စင်မဲ့မော်တော်ယာဥ်များနှင့် တရားမဝင်ဘေးတွဲ မော်တော်ဆိုင်ကယ်များ မောင်းနှင်စီနင်းခြင်း မရှိစေရေးကြတ်မတ်စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို မိုဘိုင်းစနစ်ဖြင့် နေ့စဥ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

အေဇာလင်း