သတင်းများ

မင်းဘူးမြို့၌ ငရုတ်သီးစိမ်းဝင်ရောက်မှု နည်းလာသောကြောင့် ဈေးများပြန်လည် မြင့်တက်လာ
Nov 30,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ဈေးကွက်သို့ ငရုတ်သီးစိမ်း ဝင်ရောက်မှုနည်းပြီး ဝယ်ယူသုံးစွဲသူ များနေသဖြင့် ငရုတ်သီးစိမ်းဈေးများပြန်လည် မြင့်တက်လာရခြင်းဖြစ်ကြောင်း မင်းဘူးမြို့နှင့် ရခိုင်ပြည်နယ် စားသောက် ကုန်ပစ္စည်းများ တင်ပို့ရောင်းချနေသူ ကိုသာပေါထံမှ သိရသည်။
ဖား​ဆောင်းမြို့နယ်တွင် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်​ဆောင်ရွက်
Nov 30,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပိတ်ထားသော စာသင်ကျောင်း များ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီခွဲက ဖား​ဆောင်း မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရားကြီးတွင် အပတ်စဉ် စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ၌ ဘုရားဖူးမိဘပြည်သူများ လာရောက်ဖူးမြော်ကြည်ညို
Nov 30,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် အပတ်စဉ် စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ၌ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူး မိဘပြည်သူများက လာရောက်ဖူး မြော်ကြည်ညိုလျက်ရှိပြီး ယခုတစ်ပတ် အမျိုးသားနေ့ ရုံးပိတ်ရက် များတွင်လည်း ဘုရားဖူးလာရောက် လည်ပတ်ကြသူများဖြင့် စည်ကားခဲ့ကြောင်း မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
နတ်မောက်မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့်အသိပညာ ပေးလုပ်ငန်းများဆောင်ရွက် ပေးလျက်ရှိ
Nov 30,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ရုံးဝန်ထမ်းများ မှ ကလေးငယ်များအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ပြည်သူ့စာကြည့်တိုက် Page တွင် နေ့စဉ်ရိုက်ကူးလွှင့်တင်ပေးလျက်ရှိကြောင်းသိရသည်။
နန်းယွန်းမြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)နှင့် ရိုးရာဂျပ်ခုတ် သင်တန်း အမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲကျင်းပ
Nov 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း သင်တန်းကျောင်း၊ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)နှင့် ရိုးရာဂျပ်ခုတ် သင်တန်း အမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အိမ်တွင်းမှု သင်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သည်။
ကော့ကရိတ်မြို့နယ်တွင်ကိုဗစ်-၁၉ ​​ရောဂါကာကွယ်ထိန်းချုပ်နိုင်​ရေးအသိပညာ​ပေးခြင်း​ဆောင်ရွက်
Nov 30,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီဌာနဝန်ထမ်းများမှ ယနေ့နံနက် ၁၀နာရီက မြို့​ပေါ်ရပ်ကွက်များသို့ အသိပညာပေး နှိုးဆော်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် အသက်(၁၂)နှစ်အထက် ကျန်ရှိသည့် ကျောင်းသား ၊ ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး
Nov 30,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ပညာသင်ကြားလျက်ရှိသော အသက်(၁၂)အထက် ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား  စုရပ်အသီးသီး၌ ကိုဗစ်-၁၉ရောဂါ ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း တံတားဦးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည် ။
ကော့ကရိတ်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Nov 30,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြက်ခြေနီ တပ်ဖွဲ့ဝင်များအနေဖြင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက်   ရယ်ရွယ်၍  မြန်မာ နိုင်ငံကြက်ခြေနီအသင်းဗဟိုမှ ကြီးမှူးကျင်းပသည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ် (၆)ရပ်ကွက်၊ မြို့နယ် ကြက်ခြေနီအသင်းခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။