သတင်းများ

အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများနှင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ညှိနှိုင်းဆောင်ရွက်
Nov 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများနှင့် အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ဌာနဆိုင်ရာများ၊ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြသည်။
နမ္မတူတွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ
Nov 25,2021
တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်မှ) ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
ကော့သောင်းမြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ စောင်များ ဖြန့်ဝေ
Nov 25,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်အား  ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့ လိုက်လံဖြန့်ဝေ ခဲ့ကြကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Nov 25,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှထုတ်ဝေသော (၁၀၁)နှစ်မြောက်  အမျိုးသားအောင်ပွဲနေ့   အထိမ်းအမှတ်   သတင်းစကားလက်ကမ်းစာများ ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၉)နာရီက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Nov 25,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ရှိ ဒေသခံပြည်သူများ လူငယ်လူရွယ်များ ကျောင်းသူ /ကျောင်းသား များအနေဖြင့် အမျိုးသားအောင်ပွဲနေ့ အကြောင်းသိရှိစေရန်နှင့် အစဉ် အောက်မေ့စေ ရန်အတွက် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး နော်လော်မူနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများတွင် အခမဲ့ဖြန့်ဝေခဲ့ ကြောင်းသိရသည်။
ချောင်းသာမြို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး မီးဘေးလုံခြုံရေးစစ်ဆေး
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့မီးဘေးလုံခြုံရေးအဖွဲ့က မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
မိုင်းခုတ်မြို့၊ ဝမ်ကောင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိ
Nov 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများကပူးပေါင်းအားဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည့်အပြင် မြို့အဝင်၊ ဝမ်ကောင်း ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး စစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် နေ့စဉ် စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ငရုတ်ကောင်းမြို့တွင် မိုးစပါးစံကွက်ရိတ်သိမ်း ဆောင်ရွက်
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာနှင့် သက်က္ကယ်ကွင်း ကျေးရွာတို့တွင် ယနေ့နံနက်၈နာရီက စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် တောင်သူများပူးပေါင်းပြီး မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့သည်။