သတင်းများ

ညောင်ဦးမြို့နယ် ၂၂ ကြိမ်မြောက် မိုးပေါ်ကျမဟာဘုံကထိန်ရေစက်ချအခမ်းနားကျင်းပ
Nov 25,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်လုံးဆိုင်ရာ ၂၂ ကြိမ်မြောက်မိုးပေါ်ကျ မဟာဘုံကထိန် ရေစက်ချအခမ်းအနားကို နိုဝင်ဘာ ၂၅ရက်၊ နံနက် ၁၀နာရီအချိန်က ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အနော်ရထာခန်းမတွင် ရေစက်ချ မင်္ဂလာအခမ်းအနား ကျင်းပ ခဲ့ကြောင်းသိရသည်။
မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် Onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိ
Nov 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက် တွင် ကျောင်းသား/ကျောင်းသူများနှင့် ကလေး‌ငယ်များအတွက် အသိပညာဗဟု သုတတိုးပွါးစေရန် Onlineမှတစ်ဆင့် အသိပညာပေး အစီစဉ်များကို ရိုက်ကူး၍ ပြည်သူ့စာကြည့်တိုက် Pageတွင် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဌေးဌေးဝင်းက စာပေဝါသနာရှင်များအတွက် အသိပညာ ဗဟုသုတတိုးပွားစေရန်၊အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ခြင်း အလေ့အကျင့်ဖြစ်စေရန် ရည်ရွယ်၍ ခင်စုစုစံနှင့် မြနှင်းရည်ရှိန်တို့ ဘာသာပြန်ထားသည့် "အရာအားလုံးကိုပြောင်းလဲစေသော အားပေးမှု" စာအုပ်ဖြင့် စာအုပ်မိတ်ဆက် အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် "သတင်းစကား"လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Nov 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် (၁၀၁)နှစ်မြောက် အမျိုသားအောင်ပွဲနေ့ အထိမ်းအမှတ် "သတင်းစကား " လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့၌ အငြိမ်းစားဝန်ထမ်း၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ
Nov 25,2021
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို နိုဝင်ဘာ၂၁ရက်မှစတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိသည်။
မြဝတီခရိုင် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိ
Nov 25,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ် မြတ်နိုးသူများ စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီ အစဉ်များကို ရိုက်ကူး တင်ဆက် ဆောင်ရွက်ပေးလျက်ရှိသည်။
မင်းလှမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြော
Nov 25,2021
ပဲခူးတိုင်းတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ Community Centre ခန်းမတွင် (၁၀၁) နှစ်မြောက် အမျိုသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းကောင်းများ အသိပညာပေး နှိုးဆော်
Nov 25,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား ယနေ့ နံနက်(၁၁)နာရီ အချိန်က ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးသည့် မိုးစပါးဧကများအတွက် ဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်
Nov 25,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် (၁၅.၉.၂၀၂၁)ရက်နေ့ အထိ ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးဧကများအတွက် ဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေး အပ်ခြင်းကို နိုဝင်ဘာ ၂၅ ရက် ၊ ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။