စဉ့်ကိုင် နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှထုတ်ဝေသော (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာများ ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၉)နာရီက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားပညာရေး ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်း၊ အေးအ တူပူအမျှ၊ရန်ကုန်ယူနီဗာစတီ အက်ဉပဒေကို သပိတ်မှောက်ရန် သ စ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ ပညာရေးကဏ္ဍသည် အရေးကြီး ၊ဘုန်းရှင့်မြန်မာ တို့မြန်မာကဗျာ အစရှိသော အကြောင်းအရာများပါဝင်ကြောင်းသိရသည်။
လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဘိုဘိုဟန်၊ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းသန်း နှင့်ဝန်ထမ်းများက လူစည်ကား ရာနေရာများ လမ်းသွားလမ်းလာ ပြည်သူများနှင့် စဉ့်ကိုင် (အ.ထ.က)ရှိ ကျောင်းသား/ကျောင်းသူ များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ညိုညိုဝင်း