သတင်းများ

ပင်လုံမြို့တွင် (၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ
Nov 26,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပင်လုံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့ရုံးဦးစီးမှူး ဒေါ်နန်းမြင့်မြင့်ဆွေနှင့်ဝန်ထမ်းများက ယနေ့နံနက်  ၈:၀၀ နာရီတွင် ပင်လုံမြို့ မြို့မဈေးနှင့် ပျံကျဈေး နေရာများနှင့်ဆိုင်ကယ်တက္ကစီဂိတ်များတွင် သတင်း စကားလက်ကမ်းစာစောင် စုစုပေါင်း(၂၅၀)စောင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ  ရှင်သာမဏေများအားကိုဗစ် - ၁၉  ရောဂါကာကွယ်ဆေးများ   ပထမအကြိမ်  ဆက်လက်ထိုးနှံပေး
Nov 26,2021
မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ်အတွင်းတွင် ကျောင်းပြင်ပနှင့် တစ်သက်တာ အစီအစဉ် ဖြင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး  ပထမ အကြိမ် ထိုးနှံပေးခြင်းကို   ယမန်နေ့  နံနက် ( ၁၀နာရီ ခွဲမှ စတင်ပြီး  ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာ၊ ဓမ္မသဟာယသာသနစင်တာရှိ ဓမ္မဝိဇယ သဘာဓမ္မာရုံ၌  ရှင်သာမဏေများအား  ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ  ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။  
(၁ဝ၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့  အထိမ်းအမှတ် ၊ စာစီစာကုံး နှင့် ကဗျာ ပြိုင်ပွဲ မလှိုင်မြို့၌ကျင်းပ
Nov 26,2021
(၁ဝ၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့  အထိမ်းအမှတ် ၊ စာစီစာကုံးပြိုင်ပွဲ နှင့် ကဗျာ ပြိုင်ပွဲ ကို ယမန်နေ့ နံနက်ပိုင်းက မန္တလေး တိုင်းဒေသကြီး၊ မလှိုင်မြို့ ၊ မြို့သစ်အခြေခံပညာ အထက်တန်း ကျောင်း ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
မင်းလှမြို့၌(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ်စာ စောင်၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြော
Nov 26,2021
ပဲခူးတိုင်းတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောခြင်းကို နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့တွင် ဘုရားစေတီကျောင်းဝန်းများအတွင်း ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ကုသိုလ်ယူသန့်ရှင်းရေး ဆောင်ရွက်
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်း၍ ဘုရားစေတီ ဘုန်းတော်ကြီးကျောင်းများတွင် သန့်ရှင်းရေးများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ လေးထပ်ကျောင်းရှိ ဘုရားစေတီ ကျောင်းဝန်းအတွင်း သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးနှင့် ရောဂါ ကာကွယ်ရေးဆိုင်ရာများကို အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်
Nov 26,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူ များ ထိုးနှံနိုင်ကြောင်းနှင့် ရောဂါကာကွယ်ရေးဆိုင်ရာများကို  ယနေ့ နံနက် (၉)နာရီက စတင်၍ မြို့န​ယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ချီဖွေမြို့နယ်၌(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် မိဘပြည်သူများ ထံဖြန့်ဝေ
Nov 26,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့နံနက် (၆) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မိဘပြည်သူများထံ အခမဲ့သွားရောက် ဖြန့်ဝေပေးခဲ့သည်။
ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုအသိပညာပေး (Talk Show) အစီအစဉ်ကျင်းပပြုလုပ်
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာပေး(Talk Show)အစီအစဉ်ကိုယနေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။