ပန်းတနော်မြို့တွင် ဘုရားစေတီကျောင်းဝန်းများအတွင်း ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ကုသိုလ်ယူသန့်ရှင်းရေး ဆောင်ရွက်

ပန်းတနော်၊ နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်း၍ ဘုရားစေတီ ဘုန်းတော်ကြီးကျောင်းများတွင် သန့်ရှင်းရေးများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ လေးထပ်ကျောင်းရှိ ဘုရားစေတီ ကျောင်းဝန်းအတွင်း သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ဆောင်ရာတွင် မြို့နယ်စီမံကိန်းဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိဝန်ထမ်းများက လေးထပ်ကျောင်းဝန်းနှင့် ဘုရားစေတီရင်ပြင်တော်များတွင် တံမြတ်စည်းလှည်းခြင်း၊ ခြုံနွယ် မြတ်ပင်များ ခုတ်ထွင်းရှင်းလင်းခြင်း၊အမှိုက်များရှင်းလင်းဖယ်ရှာခြင်းများ ဆောင်ရွက်ခဲ့ပြီးအပတ်စဉ်သောကြာနေ့တိုင် မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရား စေတီများတွင် ဆရာဒကာအဖြစ်သက်ဆိုင်သည့် ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေး ကုသိုလ်ယူ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ ဆက်)