ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးနှင့် ရောဂါ ကာကွယ်ရေးဆိုင်ရာများကို အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

ဖြူး နိုဝင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူ များ ထိုးနှံနိုင်ကြောင်းနှင့် ရောဂါကာကွယ်ရေးဆိုင်ရာများကို  ယနေ့ နံနက် (၉)နာရီက စတင်၍ မြို့န​ယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့နှိုးဆော်ရာတွင် ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆေးခွဲတမ်းအလိုက် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ မထိုးနှံရသေးသူများ ကာကွယ်ဆေး ထိုးနှံနိုင်ရေးကို ၎င်းကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက်ပြတ်တောက်နိုင်ရေးအချက်များ၊ မဖြစ်မနေ အရေးကြီးကိစ္စများ၊ သွားလာရာ၌ ပါးစပ်နှင့် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာနိုင်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် အညီ ဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါ ပြန့်ပွားမှုအား အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်တို့ကို ၎င်းကညွတ်ကွင်းမြို့အထွက် ကျေးရွာ များရှိသည့် လမ်းမကြီးဘေးတွင် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် နိုဝင်ဘာလ(၂၅)ရက်နေ့ ညပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ခံရသူ မရှိသော ကြောင့်  စုစုပေါင်း အတည်ပြုလူနာ (၁၃၆၇)ဦး၊ သေဆုံးသူမှာ(၈၇)ဦး၊ ဆေးရုံလက်ကျန်မရှိတော့ ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)