ပင်လုံ နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပင်လုံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့ရုံးဦးစီးမှူး ဒေါ်နန်းမြင့်မြင့်ဆွေနှင့်ဝန်ထမ်းများက ယနေ့နံနက် ၈:၀၀ နာရီတွင် ပင်လုံမြို့ မြို့မဈေးနှင့် ပျံကျဈေး နေရာများနှင့်ဆိုင်ကယ်တက္ကစီဂိတ်များတွင် သတင်း စကားလက်ကမ်းစာစောင် စုစုပေါင်း(၂၅၀)စောင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ (၉၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၄၆ ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံး ဆိုင်ရာ ညီလာခံတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၁-၄-၂၀၂၁ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး ၁၁ ဉီး၊ အမျိုးသားအောင်ပွဲ နေ့အကြောင်း၊ အမျိုးသားရေးစိတ်ဓါတ် ၊ ရေနံ့သာမောင်ကျော်ညွန့်၏ ဘုန်းရှင့်မြန်မာ တို့မြန်မာ ကဗျာနှင့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဆောင်ပုဒ်များ ပါဝင်ကြောင်း သိရသည်။
ပင်လုံ ပြန်/ဆက်