မင်းလှ နိုဝင်ဘာ ၂၆
ပဲခူးတိုင်းတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောခြင်းကို နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်က အမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြသရခြင်း အကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ စာအုပ်စာစောင်များ ခင်းကျင်းစာအုပ်ပြပွဲတွင် သုတ၊ ရသ စာအုပ်များကို ခင်းကျင်းပြသထားရာ စာပေချစ်မြတ်နိုးသူ ကလေးငယ်များ ဖတ်ရှုလေ့လာခဲ့ကြသည်။
ထို့နောက် နံရံကပ်စာစောင်ပြသရာတွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည် ချက်များ၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ဆောင်းပါးကောက်နုတ်ချက်များ၊ အမျိုးသားနေ့ အထိမ်းအမှတ် ကဗျာ၊ ကာတွန်း၊ ဆောင်းပါးများကို ပြသထားရာ လေးငယ်များ စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပေါက်စ မင်းလှ