(၁ဝ၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့  အထိမ်းအမှတ် ၊ စာစီစာကုံး နှင့် ကဗျာ ပြိုင်ပွဲ မလှိုင်မြို့၌ကျင်းပ

မလှိုင်  နိုဝင်ဘာ ၂၆

(၁ဝ၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့  အထိမ်းအမှတ် ၊ စာစီစာကုံးပြိုင်ပွဲ နှင့် ကဗျာ ပြိုင်ပွဲ ကို ယမန်နေ့ နံနက်ပိုင်းက မန္တလေး တိုင်းဒေသကြီး၊ မလှိုင်မြို့ ၊ မြို့သစ်အခြေခံပညာ အထက်တန်း ကျောင်း ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

အဆိုပါနေ့က (၁ဝ၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့  အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို အထက်တန်းဆင့်နှင့် အလယ်တန်းဆင့်၊ ကဗျာပြိုင်ပွဲ ကို မူလတန်းဆင့် တွင် ကျင်းပပေးခဲ့ပြီး  အထက်တန်းဆင့်  စာစီစာကုံး  ပြိုင်ပွဲတွင်  “  အမျိုးသား  အားမာန် ” ခေါင်းစဉ်ဖြင့်၎င်း၊ အလယ် တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် “  အမျိုးသား အောင်ပွဲ   တို့ဆင် နွှဲ  ” ခေါင်းစဉ်ဖြင့်၎င်း၊  မူလ တန်းဆင့် ကဗျာပြိုင်ပွဲတွင် “ အမျိုးသားနေ့ တို့မမေ့ ” ခေါင်းစဉ်ဖြင့်၎င်း ကျင်းပ ပေးခဲ့သည် ။  ပြိုင်ပွဲသို့  မြို့သစ် အ.ထ.က မှ အထက်တန်းဆင့် ကျောင်းသား/သူ(၄) ဦး၊ အလယ်တန်းဆင့် ကျောင်းသား/သူ(၁၉)ဦး၊ မူလတန်းအဆင့်ကျောင်းသား/သူ(၈) ဦးစုစုပေါင်း(၃၁)ဦး ပါဝင် ယှဉ်ပြိုင် ခဲ့ကြောင်းသိရသည် ။

ပြိုင်ပွဲ ဆုရရှိသူများကို (၁ဝ၁)နှစ်မြောက်အမျိုးသားနေ့ အခမ်းအနားတွင် ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)