ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုအသိပညာပေး (Talk Show) အစီအစဉ်ကျင်းပပြုလုပ်

ကြံခင်း  နိုဝင်ဘာ  ၂၆

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာပေး(Talk Show)အစီအစဉ်ကိုယနေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်လှိုင်ပို့ပို့ဇင်က မိတ်ဆက် စကားပြောကြားပါသည်။

ထိုနောက် စာအုပ်စာပေချစ်မြတ်နိုးသူများBook Clubအသင်းအဖွဲ့ဝင်  အတွင်းရေးမှုးဦးအေးမြင့်အောင် (စာရေးဆရာ-မိုးမြေသစ္စာ) မှ  (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်နှင့် ဝံသာနုစိတ်ဓာတ်ကို သန္ဓေတည်ခဲ့သော မျိုးချစ် ကျောင်းသားများ၊ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားအောင်ပွဲနေ့ကို ကျောင်းသား၊ကျောင်းသူ  ပြည်သူအားလုံး မမေ့မလျှော့ကြစေရန်နှင့် အမျိုးသားရေးစိတ်ဓာတ်များကိန်း အောင်းကြရန်နှင့် ပြည်သူများအားလုံးထိန်းသိမ်း စောင့်ရှောက်ကြ ရန် အရေးကြီးပါကြောင်းအသိပညာ ပေး ဆွေးနွေး ခဲ့ကြောင်းသိရပါသည်။

မြို့နယ်(ပြန်/ဆက်)