ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ  ရှင်သာမဏေများအားကိုဗစ် - ၁၉  ရောဂါကာကွယ်ဆေးများ   ပထမအကြိမ်  ဆက်လက်ထိုးနှံပေး

ပြင်ဦးလွင်  နိုဝင်ဘာ    ၂၆

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ်အတွင်းတွင် ကျောင်းပြင်ပနှင့် တစ်သက်တာ အစီအစဉ် ဖြင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး  ပထမ အကြိမ် ထိုးနှံပေးခြင်းကို   ယမန်နေ့  နံနက် ( ၁၀နာရီ ခွဲမှ စတင်ပြီး  ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာ၊ ဓမ္မသဟာယသာသနစင်တာရှိ ဓမ္မဝိဇယ သဘာဓမ္မာရုံ၌  ရှင်သာမဏေများအား  ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ  ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။  

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ  ဘုန်းတော်ကြီးကျောင်းများတွင်  ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်  မထိုးနှံရသေးသည့်  ရှင်သာမဏေများအား ကာကွယ်ဆေးထိုး စုရပ်အဖြစ် သတ်မှတ် ပြီး  အပူချိန်တိုင်းတာခြင်း၊  စာရင်းများရေးသွင်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာများ စစ်ဆေးခြင်း  စသည့် ကျန်းမာရေးညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ပြီး   တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်းကာ  ရှင်သာမဏေ  (၄၆) ပါးတို့အား  ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)