ချီဖွေ နိုဝင်ဘာ ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့နံနက် (၆) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မိဘပြည်သူများထံ အခမဲ့သွားရောက် ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း၊ ရန်ကုန် ယူနီဗာစီတီ အက် ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသား(၁၁)ဦး အမည်များ၊ ပညာရေး ကဏ္ဍသည်အရေးကြီး (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၁-၄-၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှကောက်နုတ်ချက်)၊ အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားပညာရေး၊ စာရေးဆရာ ရေနံ့သာမောင်ကျော်ညွှန် ရေးသားထားသည့် “ဘုန်းရှင့်မြန်မာ တို့မြန်မာ” ကဗျာအစရှိသည့် အကြောင်းအရာများ ပါဝင်သော လက်ကမ်းစာစောင်များကို လူစည်ကားရာနေရာဖြစ်သော စျေး၊ ကုန်စုံဆိုင်များ၊ လမ်းဆုံလမ်းခွရှိ ခရီးသွား ပြည်သူများ၊ မြို့အဝင်ဂိတ်ကျန်းမာရေး စစ်ဆေးရေးစင်တာရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံမိဘပြည်သူများ လေ့လာ ဖတ်ရှု့ နိုင်စေရန်အတွက် သတင်းစကားလက်ကမ်း စာစောင် အစောင်ရေ (၂၀၀) ကိုဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ဇင်မာဝင်း