သတင်းများ

နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Nov 26,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီမှ ညနေ ၄ နာ ရီအထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေး လျက်ရှိ ကြောင်း သိရသည်။ 
သနပ်ပင်မြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Nov 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊  သနပ်ပင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိ စေရန်ရည်ရွယ်၍ နိုဝင်ဘာ ၂၈ ရက်တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကား လက်ကမ်းစာစောင်များကို  ယနေ့ နံနက်ပိုင်းက လူစည်း ကာနေရာများဖြစ်သော မြို့မဈေးလမ်းဆုံ၊ အခြေခံပညာကျောင်းများသို့  လိုက်လံဖြန့်ဝေခဲ့ကြ သည်။
မင်းလှမြို့၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အမျိုးသားအောင်ပွဲနေ့ “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေပေး
Nov 26,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား  အမျိုးသားအောင်ပွဲနေ့ကို မမေ့လျော့စေရေး အတွက် (၁ဝ၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက အ.ထ.က(မင်းလှ) မြို့ပြင် ကျောင်းနှင့် အ.ထ.က(မင်းလှ) မြို့တွင်း(အခမဲ့) ဖြန့်ဝေပေးခဲ့ကြသည်။        
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)  တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း   စာဖတ်ဝိုင်း  ကျင်းပ  
Nov 26,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  စာအုပ်စာပေချစ်မြတ်နိုးသူများ  ပိုမိုတိုးပွားလာစေရန်  အတွေး အခေါ်အသိအမြင်များ   အချင်းချင်း ဖလှယ်တတ်စေရန်၊ စာပေမှရရှိသောအသိအမြင်ဗဟုသုတများကို    အသုံးချတတ်စေရန် ရည်ရွယ်၍   “ပျော်ရွှင်ခြင်း” စာအုပ်ဖြင့်   ယနေ့နံနက်  (၁၀)နာရီအချိန်  လူထုအခြေပြုဗဟိုဌာန  (Community Centre) တွင်  စာဖတ်ဝိုင်း  ပြုလုပ်ခဲ့သည်။
မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ရှေးဦးသူနာပြုစုနည်း (Talk Show) ဆွေးနွေးပွဲ ကျင်းပ
Nov 26,2021
သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေတဲ့အခါမှာ ပြည်သူများအနေဖြင့် ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုစောင့် ရှောက်နိုင်ရန် ရည်ရွယ်၍ ရှေးဦးသူနာပြုစုနည်း (Talk Show) ကို ယနေ့နံနက် ၈ နာရီက မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ပျော်ဘွယ်မြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Nov 26,2021
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို လူစည်ကားရာ နေရာများဖြစ်သည့် စာသင်ကျောင်းများ၊ ပြည်သူ့စျေးနှင့် ကားဂိတ်တို့တွင် ယနေ့ နံနက်ပိုင်း က သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ပြုလုပ်
Nov 26,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနနှင့် ပညာရေးအငြိမ်းစား ဝန်ထမ်းတို့ ပူးပေါင်း၍ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ဘားအံမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး ဟောပြော ပွဲနှင့် စာအုပ်စာစောင်များ ပြပွဲကျင်းပ
Nov 26,2021
ကျောင်းသား/ကျောင်းသူများ အမျိုးသားစိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး၊ နေ့ထူးနေ့မြတ်အကြောင်းကို သိရှိလာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာရန် ရည်ရွယ်၍ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန  ( Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။