သနပ်ပင်မြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

သနပ်ပင် နိုဝင်ဘာ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊  သနပ်ပင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိ စေရန်ရည်ရွယ်၍ နိုဝင်ဘာ ၂၈ ရက်တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကား လက်ကမ်းစာစောင်များကို  ယနေ့ နံနက်ပိုင်းက လူစည်း ကာနေရာများဖြစ်သော မြို့မဈေးလမ်းဆုံ၊ အခြေခံပညာကျောင်းများသို့  လိုက်လံဖြန့်ဝေခဲ့ကြ သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင်  အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကြောင်း၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတောဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၁.၄.၂၀၂၁) ရက်နေ့တွင် ‌ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား  တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်များ၊ ၂၀၂၁ခုနှစ် အမျိူးသား အောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိူးသားရေးစိတ်ဓာတ်၊ အမျိုးသားပညာရေးစသည့် အကြောင်းအရာများ ထည့်သွင်းဖော်ပြ ထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)