နတ်မောက် နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင်၂၀၂၁ -၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက်တွင် ဆောက်ရွက်မည့်တင်ဒါလုပ်ငန်းများ ချပြရှင်းလင်းခြင်း အခမ်းအနားကိုယမန်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသူရက၂၀၂၁ - ၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက်တွင် ဆောက်ရွက်မည့် တင်ဒါလုပ်ငန်း များအား ချပြရှင်းလင်းခဲ့သည်။
ဆက်လက်ပြီး တင်ဒါအောင်မြင်သည့်လုပ်ငန်းများဖြစ်သည့် ရေပေးရေးလုပ်ငန်း(၇) ခု၊ ကုန်ထုတ်လမ်း (၁)လမ်းအား တင်ဒါရကုမ္ပဏီများမှ တာဝန်ရှိသူများက ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သတ်ပြီး ချပြဆွေးနွေးခဲ့သည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများ၊ တင်ဒါရ ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သင်းသင်းမြတ် (နတ်မောက်)