ဝါးခယ်မ နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်းချီ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့မှ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗဟုသုတရရှိစေရန်၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေရန်၊ ပြည်သူ့စာကြည့်တိုက်အား အသုံးချတတ်စေရန်၊ တီထွင်ကြံဆ လုပ်ကိုင်တတ်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး သံကြိုးတိုင်မူလွန်တိုးချဲ့မြို့သစ်ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၁၀)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
စောသန္တာဦး