ဟိုပန်မြို့ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ အစီအစဉ် ရိုက်ကူး

ဟိုပန်  နိုဝင်ဘာ  ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဟိုပန်ခရိုင် ၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန  နှင့် ပညာရေးဌာန  တို့ပူးပေါင်း၍ ပုံပြင်ပြောပြိုင်ပွဲ အစီအစဉ် ရိုက်ကူးခြင်းကို  ယမန်နေ့နံနက်ပိုင်းက   လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံပြင်ပြောပြိုင်ပွဲရိုက်ကူးခြင်းကို ဟိုပန်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(ရွှေဝါ)မှ   Grade-6  ကျောင်းသူလေး မကျော်ဖြူဖြူသိန်း က “ ကမ္ဘာကြီးထဲက အဖိုးတန်ဆုံးရတနာ” ပုံပြင်ဖြင့် ဝင် ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၎င်းယှဉ်ပြိုင်မှုအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (နေပြည်တော်) ရုံးချုပ် သို့ အွန်လိုင်းမှ တစ်ဆင့် ပေးပို့ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဟိုပန်ခရိုင်၊    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ အတွင်းတွင် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်ပြည်သူများအတွက်  ပုံပြင်ပြောခြင်း၊   ကဗျာရွတ်ဆိုခြင်း၊  စာအုပ်မိတ်ဆက်ခြင်းနှင့်    စာကြည့်တိုက်ဆိုင်ရာ  လှုပ်ရှားဆောင်ရွက်မှု   အစီအစဉ်များကို  ရိုက်ကူးတင်ဆက်ပြီး   ဟိုပန်ခရိုင်    ပြည်သူ့စာကြည့်တိုက် Facebook Page  အွန်လိုင်းမှတစ်ဆင့် လွှင့် တင်၍ အသိပညာပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)