ရွှေပြည်သာ နိုဝင်ဘာ ၂၆
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့အမှတ် ၁၆ ရပ်ကွက် ပုညဝတီဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်(၉)အချိန်မှစ၍ အသက် ၄၅ အထက် မိဘပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီးယနေ့ နက်ပိုင်းတွင် ဒုတိအကြိမ်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင်အညီ စနစ်တကျ ဆေးထိုးနိုင်ရန် နေရာများ စီစဉ်ဆောင်ရွက်ထားရှိခြင်း၊ ဆေးထိုးပြီးသူများ အနားယူနားနေနိုင်ရန်နေရာများထား ရှိခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင်တာဝန်ရှိသူများ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများကကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)