ပေါင်းတည်မြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာအုပ်စာစောင်နှင့် နံရံကပ် စာစောင်ပြပွဲပြုလုပ်

ပေါင်းတည် နိုဝင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၌ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် အမျိုးသားနေ့နှင့် ပတ်သက်သည့် စာအုပ်များနှင့် နံရံကပ်စာစောင်တွင် အမျိုးသားနေ့ ဦးတည်ချက်များ၊ အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားပညာရေး၊ ရန်ကုန် ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ အမျိုးသားအောင်ပွဲနေ့ ဆင်နွှဲစို့ (ကဗျာ)နှင့် ကာတွန်းများဖြင့် ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)