ညောင်ဦး နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်တောင်သူများ မိုးနှောင်း နှမ်းခေါ် ဆောင်းဦးနှမ်းများ စိုက်ပျိုအောင်မြင်ဖြစ်ထွန်းနေကြောင်း ကတောကျေးရွာ ဦးမြင့်ဇော်ကပြောကြားသည်။ အဆိုပါ မိုးနှောင်းနှမ်းခေါ် ဆောင်းဦးနှမ်းစိုက်ပျိုးသည့် တောင်သူများသည် မိုးဦးမိုးလယ်တွင်ဘာသီးနှံမှ မစိုက်ပျိုးပဲထားကာ မြေအမြဲထွန်ရေး ညက်အောင်ထွန်ထားပြီး ပေါင်းမြက်များပေါက်လာတိုင်း ထွန်ယက်ပေးနိုင်မှသာ ဆောင်း ဦးနှမ်းကြဲပက်စိုက်ပျိုးချိန် ပေါင်းမြက်များကင်းရှင်းပြီး နှမ်းပင်များ ကောင်းလာကြောင်း သိရသည်။
နှစ်တိုင်း စက်တင်ဘာလအတွင်းမိုးရွာသွန်းပါက မိုးနှောင်းနှမ်းကြဲပက်စိုက်ပျိုး ထားကာ အောက်တိုဘာလလောက်တွင် အပင်များဖြစ်ထွန်းအောင်မြင်နေကြောင်း နှမ်း စိုက်ပျိုး တောင်သူများက ရှင်းပြသည်။ ဆောင်းရာသီဝင်ရောက်လာလျှင် ဆောင်းတွင်းအ အေးဓာတ်ဖြင့် ဆက်လက်ကာ အပင်များဖွံ့ဖြိုးနေမည်ဖြစ်ကြောင်း၊ ဆောင်းဦးနှမ်းသည် အဖူး၊ အပွင့်တင်ကာ အသီးနှင့်စေ့အောင်မြင်ကြောင်း၊ နတ်တော်လလောက်တွင် နုတ်ယူ သိမ်းဆည်းကြောင်း သိရသည်။
မိုးနှောင်းနှမ်းခေါ် ဆောင်းဦးနှမ်းခေါ်သော်လည်း မိုးဦးကျတွင် စိုက်ပျိုးကြဲပက်သည့် နှမ်းကြီးပင်ဖြစ်ကာ အောက်ညဉ့် ကျေးရွာ၊ အနောက်ပုလင်းကျေးရွာ၊ အရှေ့ပုလင်း ကျေးရွာ၊ သူကောင်းတည်ကျေးရွာ၊ သစ်ထောင့်တောင်ကျေးရွာ၊ လက်ပံခြေပေါ်ကျေးရွာ၊ ကတောကျေးရွာနှင့် ဖျောက်ဆိပ်ပင်ကျေးရွာများသည် မိုးနှောင်းနှမ်းခေါ် ဆောင်းဦးနှမ်း စိုက်ပျိုးကြသည့် ကျေးရွာများဖြစ်ကာ နှမ်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။
ကိုထိန်၊KPD