ပေါင်းတည်မြို့၌ အသက်(၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ပေါင်းတည် နိုဝင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အသက်(၁၈) နှစ်အထက် ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) အမျိုးအစား ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ်အဖြစ် သတ်မှတ်ထားသော ဆေးထိုးစုရပ်များဖြစ်သည့် မိုးကုတ်ဓမ္မာရုံ၊ ရေတွင်းညီနောင် ဘုန်းတော်ကြီးကျောင်း၊ သိမ်ကြီးဓမ္မာရုံနှင့် သေဌာရုံဘုန်းတော်ကြီးကျောင်းတို့ တွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှစ၍ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးကြသည်။ ပေါင်းတည်မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး (၃၅၀၃၅)ဦးနှင့် တစ်ကြိမ်ထိုးပြီး (၄၂၈၀၂)ဦးရှိရာ ကာကွယ်ဆေး လွှမ်းခြုံမှုရာခိုင်နှုန်းမှာ ၃၈•၀၄ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရ သည်။

အေးအေးဆင့်(ပြန်/ဆက်)