လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

လှိုင်သာယာ(အနောက်ပိုင်း) နိုဝင်ဘာ  ၂၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် နေ့ထူးနေ့မြတ်များ အကြောင်း သိစေရန်နှင့် ဗဟုသုတ ရရှိနိုင်စေရန်အတွက် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေ သော သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့ နံနက်ပိုင်းက အနော်ရထာလမ်းမကြီးရှိ လမ်းသွား/လမ်းလာများ၊ အမှတ်(၂၀)စျေးကြီးအတွင်းရှိ စျေးသည်များနှင့် ပြည်သူများအား အခမဲ့ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ် အမျိုးသားအောင်ပွဲနေ့ ဦးတည် ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမှာစကားကောက်နှုတ်ချက်များ၊ အမျိုးသားရေးစိတ်၊ မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သော သိကောင်းစရာများ၊ ကဗျာ၊ ဆောင်ပုဒ်များ ပါဝင်ကြောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဝေလွင်လွင်ကျော်နှင့် ဝန်ထမ်းများက အနော်ရထာလမ်းမကြီးရှိ လမ်းသွား/လမ်းလာများ နှင့် အမှတ်(၂၀)စျေးကြီးအတွင်း စျေးသည်များနှင့် ပြည်သူများအား အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ဝေဝေ(ပြန်/ဆက်)