နမ့်စန်(တ) နိုဝင်ဘာ ၇
ထိုင်းနိုင်ငံတို့တွင် သွားရောက် အလုပ်လုပ်ကိုင်ကြကာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး နေရပ်အသီးသီးသို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယနေ့နံနက် ၆ နာရီ ၅၀ မိနစ်အချိန်တွင် ရောက်ရှိခဲ့ကြကြောင်း သိရသည်။
မော်တော်ယာဉ် ၂ စီးဖြင့် ရောက်ရှိဖြတ်သန်းလာသော နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမား ကျား (၄၃) ဦး ၊ မ (၅၂) ဦး စုစုပေါင်း( ၉၅) ဦးကို မြို့နယ်မှ တာဝန်ရှိသူများက အမှတ်(၂)ရပ်ကွက် မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကြိုဆိုခဲ့ကြသည်။
ဆက်လက်၍ နမ့်စန်မြို့နယ်တွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး ဆင်းကျန်ခဲ့ပြီး ကျန်ခရီးသည်များမှာ နံနက် ၇ နာရီ ချိန်တွင် တောင်ကြီးမြို့သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်