တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်ရုံးများမှ ခန့်အပ်သည့် ဝန်ထမ်းသစ်များအား ဌာနဆိုင်ရာ ဘာသာရပ်သင်တန်း ဖွင့်လှစ်ပို့ချ

တောင်ကြီး     နိုဝင်ဘာ   ၇

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်အတွင်း ခန့်ထားသည့် ဝန်ထမ်းသစ်များအား ဌာနတွင်း ရက်တိုသင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ကျိုင်းတုံခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လုပ်ငန်းပမာဏ များသောကြောင့် ဝန်ထမ်းအင်အား ဖြည့်တင်းပေးရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ် သြဂုတ်လတွင် အလုပ်လျှောက်လွှာများ ခေါ်ယူခဲ့ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စာမေးပွဲကျင်းပကာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၀) ရက်တွင် ဝန်ထမ်းသစ်များ ခန့်အပ်၍ ယခုဝန်ထမ်းအသစ်ဖြစ်သည့် သင်တန်းသား၊သင်တန်းသူများ အသိဆုံး ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိသည့် ပြည်နယ်ဦးစီးမှူးရုံးနှင့် တောင်ကြီးခရိုင် ဦးစီးမှူးရုံး၊ တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးရုံးများတွင် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး (၈)ဦး၊ အငယ်တန်းစာရေး (၈)ဦး၊ ဒုတိယ လက်ထောက် ကွန်ပျူတာလုပ်ဆောင်ရေးမှူး (၃၁)ဦး၊ အမှုတွဲထိန်း(၇) ဦး၊ အစောင့် (၄)ဦး၊ စုစုပေါင်း(၅၈)ဦးကို ခန့်ထားပေးခဲ့ပါကြောင်း၊ ဝန်ထမ်းသစ် သင်တန်းသား၊ သင်တန်းသူများကို သင်တန်းကာလအတွင်း သင်တန်းဆရာများမှ မိမိဝန်ကြီးဌာနမှ စွဲကိုင် ကျင့်သုံး လျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ဦးစီးဌာနအလိုက် သက်ဆိုင်သော လုပ်ငန်းစဉ်များနှင့် လုပ်ငန်းခွင်အတွေ့အကြုံများ ကိုသင်ကြားပို့ချ ပေးသွားမည် ဖြစ်သည့်အတွက် သေချာစွာကြိုးစားသင်ယူ ကြရန်မှာကြားလိုကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူများ၏အကျိုးသာမက မိမိတို့နိုင်ငံသူ၊ နိုင်ငံသားတို့၏ အကျိုးစီးပွားများ တိုးတက်ရေးတို့ကို ပါကြိုးစားဆောင်ရွက်ပေးကြရန်ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်မြင့်မှ ဌာနဆိုင်ရာဘာ သာရပ်သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြောင်း သိရသည်။

အဆိုပါ တောင်ကြီးခရိုင်အတွင်းရှိမြို့ နယ်ရုံးများမှခန့်အပ်သည့်ဝန်ထမ်းသစ်များအား ဌာနဆိုင်ရာ ဘာသာရပ်သင်တန်းကို သင်တန်း သား၊ သင်တန်းသူ (၅၈)ဦး တက်ရောက်ပြီး သင်တန်းတွင်စီမံ၊ ဘဏ္ဍာရပ်၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဘာသာရပ်၊ လူဝင်မှုကြီး ကြပ်ရေးဘာသာရပ်၊ ပြည်သူ့အင်အား ဘာသာရပ်ဘာသာရပ်(၄)မျိုး ပို့ချသင်ကြား သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကို၂၀၂၁ခုနှစ်နိုဝင်ဘာ(၆)ရက်မှ(၁၀)ရက်ထိ(၅)ရက် နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၃)နာရီထိသင်ကြားပို့ ချသွားမည်ဖြစ်ကြောင်းသိရှိရသည်။

အင်းသားလေး (တောင်ကြီး)