မင်းလှမြို့နယ်၌ (၃၃) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အာရုဏ်ဆွမ်းကပ်လှူပွဲကျင်းပ

အထက်မင်းလှ      နိုဝင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် (၃၃နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်း အမှတ် အာရုဏ်ဆွမ်းကပ်လှူပွဲ အခမ်းအနားကို ယနေ့ နံနက် ၆ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး မင်းလှမြို့ ဓမိက‌တောရ စာသင်တိုက်မှ မြို့နယ်သံဃနာယကဆရာတော် ဦးလောကဉာဏ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီးလှူဒါန်းမှုအစုစုတို့အား‌ ရေစက်သွန်းချ အမျှဝေခဲ့သည်။

ယင်းနောက် ဆရာတော်သံဃာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူခဲ့ပြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်း ၂၁ ဦးအား ကန်တော့ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက  (၃၃) နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြိုဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား  နံနက်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ဇာဇာ  (အထက်မင်းလှ)