မိုင်းဖြတ်မြို့နယ်တွင် အထူးစီမံချက်သတ်မှတ်၍ ကိုဗစ်-၁၉ရောဂါ တိုးမြှင့်စစ်ဆေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

မိုင်းဖြတ် နိုဝင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အထူးစီမံချက်သတ်မှတ်၍ ကိုဗစ်-၁၉ရောဂါ တိုးမြှင့် စစ်ဆေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁နာရီ ခန့်က မြို့နယ် အုပ်ချုပ်ရေးမှူး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဥက္ကဌ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု နေ့စဉ်တိုးပွားနေလျက်ရှိနေသဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုဝင်ဘာ ၇ ရက်နေ့မှစတင်၍ အထူးစီမံချက် သတ်မှတ်ပြီး ကျန်းမာရေးတိုးမြှင့် စစ်ဆေးခြင်းလုပ်ငန်းကို ရပ်ကွက်/ကျေးရွာများသို့ ပူးပေါင်းကွင်း ဆင်းဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ကွင်းဆင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရပ်ကွက်/ကျေးရွာအလိုက်ရှိ တာဝန်ရှိသူများအား ကြိုတင်အသိပေးရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ စနှစ်တကျ လိုက်နာ နေထိုင်သွားကြစေရန် ကျန်းမာရေး အသိ ပညာပေးနိုးဆော်ခြင်းများ ပူးပေါင်း ဆောင်ရွက်သွားရန်၊ အသက်၁၂နှစ်အထက် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွား နိုင်ရန်နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် စည်းဝေးသို့ တက်ရောက်လာသည့် ကော်မတီဝင်များက ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက် နိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျရေးနှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းဝင်းများ တက်ရောက်ကြောင်း သိရသည်။

မြို့နယ် ( ပြန်/ဆက်)