သင်္ဃန်းကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ်များကို အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩဆောင်ရွက်

သင်္ဃန်းကျွန်း နိုဝင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ အသိပညာပေးဆော်ဩခြင်းမျာကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့၊ ညနေ ၇ နာရီအချိန်က ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည်  ဇဝနရပ်ကွက်တွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး ဆော်ဩခြင်းများ ဆောင်ရွက်‌ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆော်ဩဆောင်ရွက်ရာတွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ကိုဗစ် ပိုးတွေ့မှု အခြေအနေများ၊  ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များနှင့် အနံ့မရခြင်း၊ ဖျားနာ/ချောင်းဆိုးခြင်း၊ လတ်တလောမောပန်းလာခြင်းစသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက ဆေးရုံသို့ ချက်ချင်းအကြောင်းကြားရန်၊ စားသောက်ဆိုင်များ အားလုံး Take Away ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ ရပ်ကွက်အတွင်းသို့ အခြားဒေသမှ ပြန်လာသူများရှိပါက သက်ဆိုင်ရာ ရပ်ကွက် တာဝန်ရှိသူထံနှင့် ဆေးရုံသို့ အကြောင်းကြားရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ တားမြစ်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် အသက် ၄၅ နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်များကို  အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး ဆော်ဩခဲ့ကြောင်း သိရသည်။

စန္ဒာမိုး