ကန်ကြီးထောင့် နိုဝင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့မှ မိုးစပါး စံကွက် ရိတ်သိမ်းပွဲ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ကွင်းယားကြီးကျေးရွာ ရှိတောင်သူ ဦးစံရွှေ၏ လယ်ဧက၌ ပြုလုပ်ရာမြို့နယ် စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ မှတာဝန်ရှိသူများ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကြည်မိုးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာမြို့နယ် စိုက်ပျိုးရေးကြီးကြပ်အဖွဲ့က မိုးစပါးစံကွက်အား ကောက်ရိတ်စက်ဖြင့် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တစ်ဧကစပါးအထွက်နှုန်းအား သိရှိနိုင်ရန်အတွက် စပါးအစိုနှင့် အခြောက် နှစ်မျိုးခွဲ၍ ဒီဂျစ်တယ်ကတ္တားဖြင့် ချိန်တွယ်စစ်ဆေးခဲ့သည်။
တောင်သူ ဦးစံရွှေ၏ လယ်က တွင်ဆင်းသုစပါးအမျိုးအစား အားစိုက်ပျိုးထားကြောင်း သိရပြီး တစ်ဧက စပါးအထွက်နှုန်းမှာ အစို ၁၁၂ တင်းနှင့် အခြောက် ၁၀၃ တင်း ထွက်ရှိကြောင်း သိရပြီး မိုးစပါးစံကွက် ရိတ်သိမ်းပွဲသို့ ဒေသခံတောင်သူများလည်း တက်ရောက်ခဲ့ကြသည်။
လှမင်းထွဋ်(ပြန်/ဆက်)