ပြင်စလူမြို့တွင် ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပြင်စလူ     နိုဝင်ဘာ    ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင်  ရပ်ကွက်များအတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများကို  မိဘပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် အသိ ပညာပေး နှိုးဆော်ကြေညာပေးခြင်းကို ယနေ့  နံနက် ၈နာရီ မိနစ်၃၀ မှ စ၍ ပြင်စလူမြို့၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြင်စလူမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြင်စလူမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေးနည်းလမ်းများအား  Sound Box  စက်ဖြင့် အရှိန်အဟုန်မြှင့်  လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင်  မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကိုဗစ်-၁၉ ရောဂါ ဆက်လက်ရှိသေးသည့်အတွက် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန် ၊ အခြားသူများနှင့် အနည်းဆုံး() ပေ အကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကား ပြောခြင်း၊ စျေးဝယ်ခြင်းများမှ ရှောင်ကြဉ်ပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း  လက်ကို ဆပ်ပြာ ရေဖြင့် စက္ကန့် (၂၀)ကြာအောင် စနစ်တကျ လက်ဆေးပါ၊ အတူနေ မိသားစုအတွင်း ဖျားနာ သူများရှိပါက အိမ်တွင်သာ နေထိုင်စေပြီး ကိုဗစ်-၁၉ ရောဂါ လက္ခဏာများခံစားရလာပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေး လုပ်ငန်းများကို ဆက်လက်လိုက်နာကြရန်စသည့် ကြေညာချက်များကို  ကိုယ်စီလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်တို့ကို အများပြည်သူ လိုက်နာနိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ကြေညာခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

ဇော်ဝင်းထွန်း ( ပြန်/ဆက်)