ဘားအံ နိုဝင်ဘာ ၁၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “၁၀၁ နှစ်မြောက်အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်” အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေး မှူး ဒေါ်စိုးစိုးအေးက နေ့ထူးနေ့မြတ်များတွင် ပါဝင်သည့် အမျိုးသားအောင်ပွဲနေ့ကို လူငယ်များနှင့် စာဖတ်ပရိသတ်များ မမေ့လျော့စေရေးအတွက် ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် စာရေးဆရာအသင်းဥက္ကဌ ဆရာမဒေါ်ဆုလာဘ်နွယ် က အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်နှင့် အခြားသိမှတ်ဖွယ် များကို ရှင်းလင်း ဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)