ဝမ်းတွင်းမြို့နယ်တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ကဗျာရွတ်ဆို ပြိုင်ပွဲ နှင့်ဆုပေးခြင်းအခမ်းအနားကျင်းပ

ဝမ်းတွင်း   နိုဝင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ဝမ်းတွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ဆုပေး ခြင်း အခမ်းအနားကိုယမန်နေ့မွန်းလွဲ(၁)နာရီအချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင်မြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ(တာဝန် ပေး)ဦးမြင့်ဇော်မှ (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကလေးငယ်များအတွက် အသိပညာများတိုးပွား လာစေရေးနှင့်ပြိုင်ပွဲများတွင် ပြောရဲဆိုရဲသောအလေ့အကျင့်များရရှိစေရန် ရည်ရွယ်ချက်များ ဖြင့်ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီးကလေးငယ်များအတွက်ဗဟုသုများရရှိစေရေးနှင့် အတွေးခေါ်ကောင်းများ ရရှိစေရန်၊အမှားနှင့်အမှန်ဝေဖန်ပိုင်ခြားနိုင်သော အသိဉာဏ်များ တိုးပွားစေရန်အတွက်ပြိုင်ပွဲများ ဆက်လက်ကျင်းပသွားရန်‌ ဆောင်ရွက်ထား ရှိကြောင်း၎င်းမှဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ်ကဗျာရွတ်ဆိုပြိုင်ပွဲ တွင်ဒို့မေမေကဗျာ၊ဒို့ကျောင်းကဗျာ၊မိုးပေါ်ကကြယ်ကဗျာ၊ပညာရှိယုန်ကလေးကဗျာအစရှိ သော ကဗျာများကိုအ.မ.က(၃)ကျောင်းသား/သူများမှ ရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြပီးအခမ်းအနား အပြီးတွင် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကိုရဲ(ဝမ်းတွင်း)