လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်ခရိုင် ဝန်ထမ်းသစ်များ ဌာနတွင်း လုပ်ငန်းခွင် ရက်တိုသင်တန်းဆင်းပွဲပြုလုပ်

မူဆယ်          နိုဝင်ဘာ       ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် မူဆယ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းသစ်များ၊ ဌာနတွင်း လုပ်ငန်းခွင် ရက်တိုသင်တန်းဆင်းပွဲ အခမ်းအနားကို မူဆယ်ခရိုင်ရုံးခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

 အဆိုပါ ရက်တိုသင်တန်း ၃ ရက်တာ အတွင်း လူဝင်မှုဆိုင်ရာ ဥပဒေပြဌာန်းချက်များ၊ နိုင်ငံသားဖြစ်ခွင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ဝန်းကြီးဌာန၏ ကိုင်တွယ် သုံးစွဲသောဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာကျင့်သုံး ဆောင်ရွက် တတ်စေရန်နှင့် တူညီဝတ်စုံဝတ်ရသည့်အတွက် တူညီသောစိတ်ဓါတ်ဖြင့် နိုင်ငံသား ပြည်သူများ၏ အကျိုးပြုနိုင်စေရေးအတွက် ဘာသာရပ်များပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် မူဆယ်ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်းက သင်တန်းသားများကို ဂုဏ်ပြုအမှာစကား ပြောကြားပြီး တစ်ဦးချင်းကို သင်တန်းဆင်လက်မှတ် ပေးအပ်ခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ (မူဆယ်)