ကြာအင်းဆိပ်ကြီးမြို့၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်
Jul 13,2022
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် အဓိကလုပ်ငန်းတာဝန်များတွင် တိရစ္ဆာန်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများနှင့် ရောဂါကုသကာကွယ်ဆေးများ ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ရှိရာ တိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိသည့် ခွာနာရောဂါ၊ အရေပြားအကျိတ်ရောဂါနှင့် အာဖရိကဝက်အပြင်းဖျားရောဂါများအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် သတ်မှတ်၍ အသိပညာပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။