သတင်းများ

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၅) မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Jul 13,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ (၂) နာရီက ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် စပါးတင်း(၁၀၀)နှင့်အထက် ထွက်ရှိရေးစံပြစိုက်ကွက်နှင့် မျိုးစေ့ထုတ်စံပြ တောင်သူများအားထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းနားကျင်းပ
Jul 13,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့စိုက်ပျိုးရေးဦးစီးဌာနတွင် စပါးတင်း(၁၀၀)နှင့် အထက်ထွက်ရှိရေး စံပြစိုက်ကွက်နှင့် မျိုးစေ့ထုတ်စံပြ တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်  ကျင်းပခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကျွန်းကလေးလမ်း မိသားစုများမှ ၁၃၈၄-ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁)ရက်နေ့ သံဃာ့ဒါနအရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူပူဇော်
Jul 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်‌ ဝါတွင်းကာလ တစ်လျှောက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များကို လောင်းလှူပူဇော်နေကြ သံဃာ့ဒါန အရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူ ပူဇော်ပွဲကို ယနေ့ ၁၃၈၄-ခုနှစ်၊ ဝါဆိုလပြည့်ကျော်(၁)ရက်နေ့ နံနက် ၄ နာရီခွဲ အချိန်က အမှတ်(၁)ရပ်ကွက်၊ ကျွန်းကလေးလမ်း မိသားစုများမှ အာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူ ပူဇော်ကြသည်။
ဒဂုံမြို့နယ်တွင် (၇၅)နှစ်​မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Jul 13,2022
ကျောင်းသား​၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားပြီး စာဖတ်သည့်အ​လေ့အထ ဖြစ်ပေါ်လာ​စေရန်အတွက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်
ပခုက္ကူမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စား၍ ရေခပျက်စီးသွားခဲ့သော ပြည်လုံးချမ်းသာစေတီတော်၏ ကြွင်းကျန်ရစ်သည့် အပိုင်းအစများအားရှင်းလင်းနေ
Jul 13,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ နှုံးပို့ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ပြည်လုံးချမ်းသာစေတီတော်သည် ဇူလိုင်၇ ရက် မွန်းလွဲ ၁ နာရီခန့်က ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်အတွင်းသို့ ရေခပျက်စီးခဲ့ရာ ကြွင်းကျန်ရစ်သည့် အပိုင်းအစများအား လက်ရှိအချိန်တွင် ရှင်းလင်းနေကြကြောင်း ကျေးရွာနေပြည်သူများထံက သိရသည်။
လှိုင်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်
Jul 13,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်​အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ဇူလိုင် (၁၉) ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် Online Talk Show ​ဆွေး​နွေးပွဲ အစီအစဉ်ကို ယနေ့ နေ့လည် (၁:၃၀) နာရီအချိန်က လှိုင်မြို့နယ်၊​​​ ပြန်​ကြား​ရေးနှင့်​ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ တွင် ကျင်းပ​ပြုလုပ်ခဲ့ပါသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကရင်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်
Jul 13,2022
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ငါးသိုင်းချောင်းမြို့၊ အ-လ-က(ခွဲ) ဗိုလ်ချုပ်လမ်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ-လ-က(ခွဲ) ဗိုလ်ချုပ်လမ်းကျောင်းခန်းမ၌ ဇူလိုင်လ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။